နေပြည်တော် မတ် ၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် ဒုတိယမြောက်နေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုကြမည်ဖြစ်သည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။
ရှမ်းပြည်နယ်၊ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုကြရာတွင် ပင်လောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၇၉၇) ဦး၊ ပျက်ကွက်သူ (၆၂) ဦးဖြင့် ဖြေဆိုမှု ၉၃ ရာခိုင်နှုန်း၊ မောက်မယ်မြို့အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၁) ဦး၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၁) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၂) ဦး၊ ပျက်ကွက်သူ (၁၄) ဦး၊ မူဆယ်မြို့နယ်ရှိ အ.ထ.က(၂) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၇၂) ဦး၊ ပျက်ကွက်သူ (၃၀) ဦး ဖြစ်သဖြင့် ဝင်ရောက်ဖြေဆိုမှု ၉၀.၁ ရာခိုင်နှုန်း၊ မိုင်းယောင်းမြို့နယ်ရှိ အ.ထ.က(မိုင်းယောင်း) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၉) ဦး၊ လွိုင်လင်မြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၅၁) ဦး၊ ပျက်ကွက်သူ (၃၅) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၇.၇၆ ရာခိုင်နှုန်း၊ နမ္မတူမြို့နယ်ရှိ အ.ထ.က(၁) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၀၉) ဦး၊ ပျက်ကွက်သူ (၁၁) ဦး၊ ကျောက်မဲမြို့နယ်ရှိ အ.ထ.က(၁) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၈၆) ဦး၊ ပျက်ကွက်သူ (၂၆) ဦး၊ မိုးနဲမြို့နယ်ရှိ အ.ထ.က(၁) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၈၆) ဦး၊ ပျက်ကွက်သူ (၂၆) ဦး၊ ကလောမြို့နယ်ရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၉၅၃) ဦး၊ တန့်ယန်းမြို့နယ်ရှိ အ.ထ.က(၁) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၀၂) ဦး၊ မက်မန်းမြို့နယ်ရှိစာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၂) ဦး၊ ပျက်ကွက်သူ (၄) ဦး၊ သီပေါမြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၈၇) ဦး၊ မိုးမိတ်မြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၅၄) ဦး၊ ပျက်ကွက် (၃၈) ဦး၊ နမ့်စန်မြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၉၅) ဦး၊ ပျက်ကွက် (၃၄) ဦး၊ လွိုင်ကော်မြို့နယ်ရှိ စာစစ်ဌာန(၄)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၉၂၁) ဦး၊ ပျက်ကွက် (၇၄) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၂.၅၆ ရာခိုင်နှုန်း၊ နောင်တရားမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၃၁) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၄.၂၄ ရာခိုင်နှုန်း၊ လင်းခေးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၇၄) ဦး၊ မိုင်းရယ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၉) ဦး၊ ပျက်ကွက်သူ (၄)ဦး၊ မိုးနဲမြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၀၅) ဦး၊ နောင်ချိုမြို့နယ်ရှိ အ.ထ.က(၁)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၉၄) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၅.၂ ရာခိုင်နှုန်း၊ ဆီဆိုင်မြို့နယ်ရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၄၁) ဦး ဖြစ်သဖြင့် ဖြေဆိုမှု ၈၇.၉၆ ရာခိုင်နှုန်း၊ ကွန်ဟိန်းမြို့နယ်ရှိ စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၃) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၄.၂၈ ရာခိုင်နှုန်း၊ မိုင်းရှူးမြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၅) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၉.၄၇ ရာခိုင်နှုန်း၊ မိုင်းဆတ်မြို့နယ်ရှိ အ.ထ.က(မိုင်းဆတ်) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၃၈) ဦး၊ ပျက်ကွက် (၂၈) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၃.၁၃ ရာခိုင်နှုန်း၊ ကျိုင်းတုံမြို့နယ်ရှိ စာစစ်ဌာန(၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၀၂) ဦး၊ ပင်လုံမြို့နယ်ရှိ အ.ထ.က(ပင်လုံ)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၁၅) ဦး၊ ပျက်ကွက် (၈) ဦး၊ မိုင်းယန်းမြို့နယ်ရှိ အ.ထ.က(မိုင်းယန်း)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၇) ဦး၊ ပျက်ကွက် (၃) ဦး၊ ဟိုပုံးမြို့နယ်ရှိ အ.ထ.က(ဟိုပုံး)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၉၃) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၂.၇၂ ရာခိုင်နှုန်း၊ မဘိမ်းမြို့နယ်ရှိ အ.ထ.က(မဘိမ်း)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၇) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၂.၈၆ ရာခိုင်နှုန်း၊ ညောင်ရွှေမြို့နယ်ရှိ စာစစ်ဌာန(၉) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၉၃၄) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၃.၉၆ ရာခိုင်နှုန်း၊ မိုင်းဆတ်မြို့နယ်ရှိ အ.ထ.က(မိုင်းဆတ်)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၃၈) ဦး၊ ပျက်ကွက် (၂၈)ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၃.၁၃ ရာခိုင်နှုန်း၊ တောင်ကြီးမြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၀၅၉) ဦး ဖြစ်သဖြင့် ဖြေဆိုမှု ၈၉.၃ ရာခိုင်နှုန်းတို့ဖြစ်သည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၀ ရက်နေ့ (မနက်ဖြန်) တွင် သင်္ချာဘာသာရပ်ကို ဖြေဆိုကြရမည်ဖြစ်၍ မတ်လ ၁၁ ရက်နေ့ (စနေနေ့) နှင့် ၁၂ ရက်နေ့ (တနင်္ဂနွေနေ့)တို့ကို ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။