နေပြည်တော် မတ် ၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် ဒုတိယမြောက်နေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုကြမည်ဖြစ်သည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။
မကွေးတိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုကြရာတွင် သရက်မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၃၃) ဦး၊ ပျက်ကွက်သူ (၃၀) ဦးဖြင့် ဖြေဆိုမှု ၉၁.၇၇ ရာခိုင်နှုန်း၊ နတ်မောက်ရှိ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၆၉) ဦးဖြစ်ပြီး ပျက်ကွက်မရှိ၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၉၉) ဦး၊ ငဖဲမြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၉၂) ဦး ဖြစ်သဖြင့် ဖြေဆိုမှု ၉၁.၇၇ ရာခိုင်နှုန်း၊ ကံမမြို့နယ်ရှိ အ.ထ.က(ကံမ)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၀၄) ဦး ဖြစ်သဖြင့် ဖြေဆိုမှု ၉၀.၆၇ ရာခိုင်နှုန်း၊ ပွင့်ဖြူမြို့နယ်ရှိ စာစစ်ဌာန (၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၀၂) ဦး၊ ပျက်ကွက် (၃၉) ဦး၊ ရေနံချောင်းမြို့နယ်ရှိ အ.ထ.က(၁) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၇၁၂) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၁.၂၈ ရာခိုင်နှုန်း၊ မင်းတုန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၈၉) ဦး၊ ပျက်ကွက် (၁၂) ဦး၊ စလင်းမြို့နယ်ရှိ စာစစ်ဌာန(၅) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၈၂) ဦး၊ ပျက်ကွက် (၅၆) ဦး၊ အောင်လံမြို့နယ်ရှိ စာစစ်ဌာန(၅) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၇၃၁) ဦး၊ ပျက်ကွက် (၆၁) ဦး၊ ဆိပ်ဖြူမြို့နယ်ရှိ စာစစ်ဌာန(၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၆၃) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၉ ရာခိုင်နှုန်း၊ တောင်တွင်းကြီးမြို့နယ်ရှိ စာစစ်ဌာန(၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၁၁၈၀) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၂.၉၁ ရာခိုင်နှုန်း၊ မင်းလှမြို့နယ်ရှိ စာစစ်ဌာန(၄) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၅၄၆) ဦး၊ ပျက်ကွက်သူ (၅၁)ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၁.၄၆ ရာခိုင်နှုန်း၊ မင်းဘူးမြို့နယ်ရှိ စာစစ်ဌာန(၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၇၃၈) ဦး၊ ပျက်ကွက်သူ (၅၉)ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၂.၆၀ ရာခိုင်နှုန်း၊ မြို့သစ်မြို့နယ်ရှိ စာစစ်ဌာန(၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၈၀၃) ဦး၊ ပျက်ကွက်သူ (၅၄)ဦးတို့ဖြစ်သည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၀ ရက်နေ့ (မနက်ဖြန်) တွင် သင်္ချာဘာသာရပ်ကို ဖြေဆိုကြရမည်ဖြစ်၍ မတ်လ ၁၁ ရက်နေ့ (စနေနေ့) နှင့် ၁၂ ရက်နေ့ (တနင်္ဂနွေနေ့)တို့ကို ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။