ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆို

နေပြည်တော် မတ် ၉

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် ဒုတိယမြောက်နေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုကြမည်ဖြစ်သည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။  

ရခိုင်ပြည်နယ်၏ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုကြရာတွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၁၉၄) ဦး၊ ပျက်ကွက်သူ (၁၈၄) ဦးဖြစ်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၈၆.၆၅ ရာခိုင်နှုန်း၊ မအီမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၆၆) ဦး၊ ပျက်ကွက်သူ (၃၆) ဦးဖြစ်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၇၈.၉၅ ရာခိုင်နှုန်း၊ တောင်ပြိုလက်ဝဲ မြို့နယ်အတွင်းရှိ စာစစ်ဌာန (၁) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၄၆) ဦး၊ ပျက်ကွက်သူ (၁၅) ဦးဖြစ်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၉၀.၆၉ ရာခိုင်နှုန်း၊ မောင်တောမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၉၅၁) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၄.၆၁ ရာခိုင်နှုန်း၊ မြေပုံမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၇၅၉) ဦး၊ ပျက်ကွက်သူ (၁၀၃) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၈.၀၅ ရာခိုင်နှုန်း၊ မာန်အောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၆၀) ဦး၊ ပျက်ကွက်သူ (၆၃) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၅.၁၁ ရာခိုင်နှုန်း၊  ဂွမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၇၂) ဦး၊ ပျက်ကွက်သူ (၃၃) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၅.၁၁ ရာခိုင်နှုန်း၊ ငပလီမြို့အတွင်းရှိ စာစစ်ဌာန (၁) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၀၅) ဦး၊ ပျက်ကွက်သူ (၁၄) ဦး၊ တောင်ကုတ်မြို့အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၀၇) ဦး၊ ကျိန္တလီမြို့အတွင်းရှိ အ.ထ.က(ကျိန္တလီ)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၇) ဦး၊ ပျက်ကွက် (၁၂) ဦး၊ သံတွဲမြို့အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၆၂) ဦး၊ ပျက်ကွက် (၁၀၆) ဦး၊ မြောက်ဦးမြို့အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၇၄) ဦး၊ ပျက်ကွက် (၉၅) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၀.၂၀ ရာခိုင်နှုန်း၊ ရမ်းဗြဲမြို့အတွင်းရှိ အ.ထ.က(ရမ်းဗြဲ) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၆၀) ဦး၊ ပျက်ကွက် (၈၇) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၄.၁ ရာခိုင်နှုန်း၊ အမ်းမြို့အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၁၇) ဦး၊ ပျက်ကွက် (၃) ဦး၊ ပုဏ္ဏားကျွန်းမြို့အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၃၂၅) ဦး၊ ပျက်ကွက် (၁၈၄) ဦး၊ ကျောက်တော်မြို့အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၈၃၀) ဦး၊ ပေါက်တောမြို့အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၀၀၁) ဦး၊ ကျောက်ဖြူမြို့အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၁၁၈) ဦးတို့၊ ပျက်ကွက် (၁၈၉) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၆.၁၈ ရာခိုင်နှုန်းတို့ဖြစ်သည်။

ယင်းသို့ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၀ ရက်နေ့ (မနက်ဖြန်) တွင် သင်္ချာဘာသာရပ်ကို ဖြေဆိုကြရမည်ဖြစ်၍ မတ်လ ၁၁ ရက်နေ့ (စနေနေ့) နှင့် ၁၂ ရက်နေ့ (တနင်္ဂနွေနေ့)တို့ကို ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။