သီပေါ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းများကို (၁၄)ရက်ကြာထပ်မံ ကပ်ထား ကြေညာရန်အတွက် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်ပြည်သူများ၏ တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ဖြည့်စွက်မှုများအရ ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁) ရက်နေ့မှ(၁၄) ရက်နေ့အထိ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံးအကြိမ်(၁၄)ရက်ကြာ ထပ်မံကပ်ထား ကြေညာမည်ဖြစ်ကြောင်း သိရသည်။
မဲစာရင်များကပ်ထားကြေညာရာတွင် ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာ ခြင်းနှင့် အချက်အလက်များ ပြင်ဆင်/ပယ်ဖျက်ထည့်သွင်းခြင်း၊Onlineမှတစ်ဆင့်ကြည့်ရှုခြင်း၊ အချက် အလက် ပြင်ဆင် ဖြည့်စွက်ခြင်းနှင့် အခြားသိလိုသည်များရှိပါက ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိ သူများ၏ လက်ကိုင်ဖုန်းများသို့ ဆက်သွယ်မေးမြန်းခြင်း နည်းလမ်း(၂)မျိုးဖြင့် စီစဉ် ဆောင်ရွက်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)