ညောင်ဦးမြို့နယ် မီးဘေးကြိုတင်ကာကွယ်ရေး ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများ စစ်ဆေးဆောင်ရွက်

ညောင်ဦး  မတ်  ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်ရှိ အရိန္ဒမာဟိုတယ် မီးဘေးလုံခြုံရေးနှင့် မီးသတ်ဦးစီးဌာန စစ်ဆေးထောက်ခံချက်ရယူနိူင်ရေးအတွက် ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်ဦးဆောင်သော ခရိုင်/မြို့နယ် ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ မတ်  ၉ ရက် နံနက် ၁၀နာရီအချိန်က သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဟိုတယ်/မိုတယ်/တည်းခိုခန်းများသို့ လာရောက်တည်းခိုနေထိုင်ကြမည့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ မီးဘေးအန္တရာယ်နှင့် အသက်ဘေးအန္တရာယ်အတွက် အရေးပေါ် လွတ်မြောက်မှုဆိုင်ရာ ကိစ္စရပ်များသည် အရေးကြီးသည်ဖြစ်သည်နှင့်အညီ ဟိုတယ်တွင် တပ်ဆင်ထားရှိသော မီးထောက်လှမ်းရေး စနစ်များဖြစ်သော Smoke detector များ တပ်ဆင်ထားရှိမှု စံနှုန်းကိုက်ညီခြင်း ရှိ/မရှိ၊ လက်တွေ့ထောက်လှမ်းနိူင်မှုရှိမရှိနှင့် Control Pannel စနစ်မှန်မှန်ကန်မှုရှိ/မရှိ လက်တွေ့စမ်းသပ်စစ်ဆေးခြင်း၊ Fire Alarm Bell များနှင့် User Call Point စနစ်များ တပ်ဆင်ထားရှိမှု မှန်ကန်မှု ရှိ/မရှိ၊ လက်တွေ့အသုံးချနိူင်ခြင်း ရှိ/မရှိ လက်တွေ့စမ်းသပ် စစ်ဆေးခြင်း၊ Fire Hoose Reel များနှင့် Pump စနစ်များတပ်ဆင်ထားရှိထားရှိမှုနှင့် ပတ်သက်၍ သတ်မှတ် Pressure မှီ/မမှီ လက်တွေ့ စမ်းသပ်စစ်ဆေးခြင်း၊ လေဝင်/လေထွက် ( Ventelation )စနစ်များ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးအကြံပြုခြင်း၊ အရေးပေါ်လွတ်မြောက်မှုဆိုင်ရာ စနစ်များ ဖြစ်သည့် Emergency Stair ၊ Emergency Exit Door၊ Emergency Exit Sign များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ စစ်ဆေးအကြံပြုခြင်းတို့အား လှည့်လည်စစ်ဆေး အကြံပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း