မိုင်းငေါ့မြို့တွင် Mobile စနစ်ဖြင့် ရပ်ကွက်နေပြည်သူများထံသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မိုင်းငေါ့ မတ် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသနေပြည်သူများ၊ဌာနဆိုင်ရာဝန်ထမ်းများအား အလွယ်တကူစာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန် ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့  Mobile Library ကွင်းဆင်းသွားရောက်၍ စာအုပ်များငှားရမ်းပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းငေါ့မြို့ရုံးအနေဖြင့် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများအတွက် သုတ/ရသစာအုပ်များဖြင့် အပတ်စဉ် Mobile ငှားရမ်းပေးခြင်းကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)