မုံးကိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်လူငယ်ဖွံ့ဖြိုးမှုစက်ချုပ် သင်တန်းဖွင့်လှစ်

မုံးကိုး မတ် ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ဖွံ့ဖြိုးမှုစက်ချုပ်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီး(ကိုယ်စား)ဒေါ်လွေးအမ်ဆေး (ရုပ်/သံ-၃)က နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များနှင့် အမျိုးသမီးများ ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးစေရန်ရည်ရွယ်ပြီး အတတ်ပညာတစ်ခုအနေဖြင့် စက်ချုပ်သင်တန်း ဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာမဒေါ်သန်းသန်းနွယ်က သင်တန်းသားများ၏ ဇွဲ၊ လုံလဖြင့် ကြိုးစားသင်ယူရန်၊ အခြေခံအဆင့်မှ အဆင့်ဆင့်သင်ကြားပေးမှာဖြစ်သဖြင့် ကြိုးစားရန်ပြောကြားပြီးနောက် သင်တန်းစတင်သင်ကြားရာ သင်တန်းသား/သူ(၆)ဦး တက်ရောက်ခဲ့ကြပြီး၊ ဒေသခံပြည်သူများနှင့် လူငယ်များက သင်တန်းဖွင့်လှစ်ပွဲကို တတ်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလမှာ မတ်လ(၉)ရက်မှ မေ(၉)ရက်နေ့ ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ရုံးပိတ်ရက်တွင် သင်တန်းဖွင့်လှစ်သင်ကြားမှု အနားပေးမည်ဖြစ်ကြောင်း သိရသည်။

မေစံပယ်ဖူး(မုံးကိုး)