တပ်ကုန်းမြို့နယ်၌ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး မြို့မဈေးအတွင်း စစ်ဆေးခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်

တပ်ကုန်း မတ် ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြည်သူများအတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးကြပ်၍ မြို့မဈေးအတွင်း စစ်ဆေးခြင်းနှင့်ပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၁ နာရီခွဲက တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများလိုက်ပါ၍  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(ခရိုင်တာဝန်ခံ)ဒေါက်တာနှင်းနှင်းဝေ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန(ရုံးချုပ်)မှ ဦးစီးမှူးဦးတက်နေထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများသည် တပ်ကုန်းမြို့မဈေးအတွင်းရှိ သား/ငါးဆိုင် ခန်းများ၊ ကုန်စိမ်းဆိုင်ခန်းများနှင့် ကုန်ခြောက်ဆိုင်ခန်းများတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များရောင်းချရေး၊ သစ်သီးဝလံများတွင် ဆိုးဆေးနှင့် ကြာရှည်ခံပစ္စည်းများအသုံးမပြုရေး၊ သက်တမ်းလွန်ပစ္စည်းများရောင်းချမှုမရှိစေရေး၊ သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ မှတ်ပုံတင်ထားရှိရေးနှင့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအလေးထားကြရန် အသိပေးဆွေးနွေးပြောကြားခဲ့ပြီးနောက် အစားအသောက်သုံးခွင့်မပြုဆိုးဆေးများနှင့်ပတ်သက ၍  သိကောင်းစရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်