မိုင်းယုမြို့၌ “လူငယ်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မိုင်းယု မတ် ၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ Book Clubအသင်းတို့ပူးပေါင်း၍ “လူငယ်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ပြောကြားပြီး စာပေချစ်မြတ်နိုးသူများ Book Club အသင်းမှ အဖွဲ့ဝင်များက “လူငယ်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်”၊ “လူငယ်နှင့် မူးယစ်ဆေးဝါး”နှင့် “လူငယ်နှင့်ဝါသနာ”စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဖတ်ကြား ဆွေးနွေးခဲ့ကြသည်။

မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအသိပညာပေး (Talk Show)ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများ၊ နေ့ထူးနေ့မြတ်များ၊ သိသင့်သိထိုက်သည့် အခန်းကဏ္ဍများနှင့် အသိပညာပေးဟောပြောခြင်းများကို ဗဟုသုတများ တိုးပွားစေရန် ကြိုးပမ်းဆောင်ရွက်ပေးခြင်းနှင့် Onlineမှလည်း လွှင့်တင်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်