ပူတာအို မတ် ၉
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်ကျန်းမာရေးဌာနတို့ ပူးပေါင်းမှုဖြင့် မတ်လ(၈)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ (၈) ရက်ညနေ (၄) နာရီက ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်Dချယ်ရီခေါန်ဆန်က စာစီစာကုံးပြိုင်ပွဲကျင်းပရ ခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်Dချယ်ရီခေါန်ဆန်၊ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်နှင့်တာဝန်ရှိသူများက အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများနှင့်ဂုဏ်ပြု လက်ဆောင်များပေးအပ်ချီးမြှင့်သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့်ကျင်းပသော မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပူတာအိုမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်းကျောင်းလေးကျောင်းမှကျောင်းသူစုစုပေါင်း (၁၂) ဦးတို့က “ကျားမတန်းတူ ညီမျှဖို့ နည်းပညာနဲ့ဆန်းသစ်စို့” ခေါင်းစဉ်ဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရ သည်။
ဖုန်ကန်(ပူတာအို)