၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပစစ်ဆေးရာသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရောက်ရှိစစ်ဆေး

ချမ်းအေးသာစံ မတ် ၉

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ​ယနေ့နံနက်တွင် ဖြေဆိုနေစဥ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မန္တလေးအဝေးသင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်သန့်ဇင်၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ) ဦးတင်ရွှေတို့နှင့်အတူ ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးနေစဥ် စာစစ်ဌာန ကြီးကြပ်ရေးမှူး ဒေါ်ချောစုလွင် (အ.ထ.က၁၄၊ ကျောင်းအုပ်ကြီး)နှင့် တာဝန်ရှိ သူများမှ လိုက်လံရှင်းလင်းပြသခဲ့ပြီး ဒုတိယဝန်ကြီးမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါစာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၂၈ ဦးရှိရာ ဖြေဆိုသူ ၃၀၀ ဦး၊ ပျက်ကွက်သူ ၂၈ ဦးရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်း ၉၁.၄၆ ဖြစ်ကြောင်း သိရသည်။

တင်ဇာလှိုင်