နမ့်ဆန် မတ်လ ၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်နှုန်း တိုးတက်စေရန်အတွက် စာပေကို ချစ်မြတ်နိုးသော ပြည်သူများ အလွယ်တကူ ဖတ်ရှုနိုင်စေရန်အတွက် နမ္မဝေါရပ်ကွက် စာပေချစ်သူများထံသို့ သွားရောက်၍ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းမှုကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
နယ်လှည့်စာအုပ်ငှားရမ်းခြင်းသည် ရုံးလုပ်ငန်းတာဝန်များဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများ၊ အလုပ်မအားလပ်သည့် မိဘပြည်သူများကို အပတ်စဉ် ငှားရမ်းပေးပြီး ငှားရမ်းထားသော စာအုပ်များသိမ်းယူခြင်း စာအုပ်အသစ်များကို ပြန်လည်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
နမ့်ဆန်ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာပေချစ်သူ စာဖတ်ပရိသတ် အကြိုက် တွေ့စေမည့် စာအုပ်စာစောင်များကို မြို့ပေါ်ရပ်ကွက်များသို့ နယ်လှည့်စာအုပ် ငှားရမ်းခြင်းများကို အပတ်တိုင်း ငှားရမ်းပေးလျက်ရှိရာ စာကြည့်တိုက်သို့ လာရောက်ငှားရမ်းသည့် စာပေချစ်မြတ်နိုးသူ ပြည်သူများကိုလည်း သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)