တံတားဦး မတ် ၉
တံတားဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အဝေးရောက်ကျောင်းများမှ သက်ဆိုင်ရာစာစစ်ဌာနများသို့ တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသား/သူများအား မိမိတို့လာရောက် တည်းခိုနေထိုင်ကြသည့်နေရာများသို့ တံတားဦးခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါလျက် ကျောင်းသား/သူများ၊ ဆရာ/မများ၊ မိဘအုပ်ထိန်းသူများအား ယမန်နေ့ညနေ (၃)နာရီက လိုက်လံတွေ့ဆုံ အားပေးစကားပြောကြားကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက တက္ကသိုလဝင်တန်းဖြေဆိုကြမည့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း စာဖြေဆိုသူနှင့် စာမေးပွဲလုပ်ငန်း အနှောင့်အယှက်မဖြစ်ရေးအတွက် အထူးဂရုတစိုက် ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းသား/သူများ အနေအထိုင် အစားအသောက်မှုနှင့် ကျန်းမာရေးအခြေအနေများအား အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများ၊ ဆရာ/မများ၊ အုပ်ထိန်းသူများအား ခေါက်ဆွဲခြောက်ထုပ်၊ ကော်ဖီမစ်ထုပ်၊ ကြက်ဥနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည် ။
ဦးရဲတင့်( ပြန်/ဆက်)