ကျိုင်းတုံမြို့ ထေရဝါဒအထူးတရားပွဲ ကျင်းပ

ကျိုင်းတုံ မတ် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ထေရဝါဒအထူးတရားပွဲကို မတ် ၇ ရက် ည ၇ နာရီခွဲက မြို့တော်ခန်းမ၌ ကျင်းပသည်။

တရားပွဲတွင် ကျိုင်းတုံမြို့ ဓမ္မသုခတောရဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်၊ ဆရာတော် ဘဒ္ဒန္တဝဏ္ဏတ ကမ္မဋ္ဌာနာစရိယ မဟာကမ္မဋ္ဌာနာစရိယက နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို အလှူရှင်များနှင့် တရားချစ်ခင်သူတော်စင်အပေါင်းတို့အား ဟောကြား တော်မူသည်။ ထို့နောက် အလှူရှင်များက ဓမ္မပူဇာအလှူငွေများကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ထေရဝါဒအထူးတရားပွဲကို ကျိုင်းတုံမြို့ ဓမ္မသဟာယအသင်းနှင့် မတည်အလှူရှင် ကိုရန်နိုင်(MD)(Yan Naing Great Empire Co.,Ltd)၊ အခြားမတည် အလှူရှင်များနှင့် ကျိုင်းတုံမြို့သူ၊ မြို့သားများက စုပေါင်းဆင်ယင်ကျင်းပခြင်းဖြစ်ပြီး မတ်လ ၇ ရက် ညတွင် ကျိုင်းတုံမြို့ ဓမ္မသုခတောရဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်ဆရာတော်က တရားတော် ဟောကြားပြီး မြန်မာပြည်အရပ်ရပ်ရှိ ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းကြီးများ၏ ဦးစီးပဓာန မဟာနာယကချုပ် ဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မဟာဓမ္မကထိကဗဟုဇနဟိတစရ ဓမ္မံရံသီ ဆရာတော် ဘဒ္ဒန္တသုနန္ဒက မတ်လ ၈ ရက်မှ ၁၀ ရက်နေ့များတွင် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)