ဟိုပုံး မတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဟိုပုံးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန(၁)ခုတွင် စာရင်းရှိ ကျောင်းသား(၁၀၀)ဦး၊ ကျောင်းသူ (၂၁၆)ဦး စုစုပေါင်း(၃၁၆)ဦး၊ ဖြေဆို ကျောင်းသား(၉၅)ဦး၊ ကျောင်းသူ (၁၉၈)ဦး စုစုပေါင်း(၂၉၃)ဦး၊ ပျက်ကွက် ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၁၈)ဦး စုစုပေါင်း(၂၃)ဦး ရာခိုင်နှုန်းအားဖြင့် (၉၂.၇၂)ဖြေဆိုလျက်ရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာ၊ ဌာနဆိုင်ရာများ မြို့မိ၊ မြို့ဖများကကြီးကြပ်ဆောင်ရွက်ပေးလျက် ကြောင်းသိရသည်။ အဆိုပါစာမေးပွဲကို မတ်လ(၈)ရက်နေ့မှ မတ်လ(၁၈)ရက် နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)