တပ်ကုန်း မတ် ၉ ပြည်ထောင်စုနယ်မြေ၊ နေပြည်တာ်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရှေးယခင်က အလေ့ကျအပင်များနှင့် ဘိုးဘေးဘီဘင်များ စိုက်ပျိုးထားခဲ့သော မန်ကျည်းပင်များသည် ယနေ့သားစဉ်မြေးဆက်အထိ နှစ်စဉ် ဝင်ငွေရနေခြင်းဖြစ်ပြီး၊ ယခုနှစ်တွင် အခွံချွတ်ပြီး မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၁၃၀၀ ကျပ်၊ မန်ကျည်းသီးမှည့် အစေ့ထုတ်ပြီး တစ်ပိဿာလျှင် ၃၅၀၀ကျပ်ခန့်၊ ပွဲရုံအဝယ်ဒိုင်များတွင် ရောင်းချရသဖြင့် မန်ကျည်းပင်များအား ကြိုတင်ငွေပေး၍ ဝယ်ယူထားသူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ ဒီနှစ်မန်ကျည်းသီးရာသီမှာ မန်ကျည်းပင်များ ၁၀ သိန်းဖိုး ဝယ်ယူထားပါတယ်၊ အပင်အသီးပေါ် မူတည်ပြီး ငွေပေးဝယ်ယူပါတယ်၊ အခု မန်ကျည်းပိဿာချိန် ၇၀၀ ခန့်ရရှိတဲ့အပြင် မန်ကျည်းသီး ပုတ်စရာအပင်များလည်း ကျန်ရှိပါသေးတယ်၊ မန်ကျည်းသီး ပုတ်သမားတစ်ဦး တစ်နေကုန်လျှင် ၁၀၀၀၀ကျပ်၊ မန်ကျည်းသီးကောက် အလုပ်သမားကို ၄၀၀၀ ကျပ်နဲ့ငှားရပါတယ်၊ မန်ကျည်းသီးမှည့် အတောင့်များကို အခွံချွတ်၊ အစေ့ထုတ်တစ်ပိဿာလျှင် အလုပ်သမားခ ၅၀၀ ကျပ်နှုန်းပေးတယ်” လို့ မန်ကျည်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ |
တင်စိုးလွင်(ပြန်/ဆက်)