စိုက်ပျိုးရေးသီးနှံများ ဖြစ်ထွန်းစေရန်အတွက် ယွန်ဖေဝမ့်ကွန်ပေါင်းဓာတ်မြေဩဇာကို နေ့စဉ်ရောင်းချ

မုံးကိုး မတ်လ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ ဒေသခံပြည်သူများသည် ၎င်းတို့စိုက်ပျိုးထား သောသီးနှံများကို ဖြစ်ထွန်းစေရန်အတွက် ယွန်ဖေဝမ့်ကွန်ပေါင်းဓာတ်မြေဩဇာကို သင့်တင့်သော စျေးဖြင့်ရရှိသဖြင့် ပိုမိုဝယ်ယူလျက်ရှိကြောင်း သိရသည်။

မုံးကိုးမြို့သည် တရုတ်-မြန်မာနယ်စပ်မြို့လေးဖြစ်ပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော ဒေသဖြစ်သောကြောင့် စပါး၊ ကြံ၊ အခြားသော ရာသီစိုက်ပျိုးသီးနှံများကို စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။ အဆိုပါစိုက်ပျိုးမှုများကြောင့် ဓာတ်မြေဩဇာများစွာကို လိုအပ်လျက်ရှိကြောင်းကိုပါ ဒေသခံတစ်ဦးမှတဆင့် ဆက်လက်၍သိရှိရပါသည်။  ထိုအတွက်ကြောင့် ယွန်ဖေဝမ့်ကွန်ပေါင်း ဓာတ်မြေဩဇာကို     အိတ်ပေါင်း (၄၀၀) ကျော် ရောင်းချလျက်ရှိပြီး ဓာတ်မြေဩဇာတစ်အိတ်လျှင် တရုတ်ငွေ(၂၀၀)ယွမ်ဖြင့် အထူးသဖြင့် တောင်ပေါ်ပိုင်းရှိ ဒေသခံတောင်သူများက အဓိကထား ဝယ်ယူအားပေးလျက်ရှိကြောင်းကိုပါ သိရပါသည်။

မေစံပယ်ဖူး (မုံးကိုး)