တပ်ကုန်း မတ် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာ၊ ရွှေဟင်္သာဘုန်းတော်ကြီးကျောင်းတွင် ဒုတိယအကြိမ်မြောက် နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေဟင်္သာဘုန်းတော်ကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးစန္ဒာသီရိ၊ ရှောက်ကုန်းကျေးရွာ၊ မဟာအောင်မြေဘုန်းတော်ကြီးကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးဝိစာရိန္ဒ၊ တပ်ကုန်းမြို့နယ် ယဉ်ကျေးလိမ္မာအသင်းဥက္ကဋ္ဌ ဦးဇော်လွင်၊ ကျေးရွာအုပ်စု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးပို၊ စေတနာအလှူရှင်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမနှင့် သင်တန်းသား/သူ စုစုပေါင်း ၁၈၀ ဦး တက်ရောက်ပြီး၊ တက်ရောက်လာသူများက ဆရာတော်ကြီးများထံမှ ငါးပါး သီလခံယူဆောက်တည်ခဲ့သည်။
ထို့နောက်ဆရာတော် ဦးဝိစာရိန္ဒက ဆုံးမသြဝါဒစကားပြောကြားပြီးနောက် မြို့နယ်ယဉ်ကျေးလိမ္မာအသင်းဥက္ကဋ္ဌ ဦးဇော်လွင်၊ ကျေးရွာဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးပိုတို့က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များပြောကြားပြီး သင်တန်းဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါသင်တန်းကို ကျောင်းသား ၉၁ ဦး၊ ကျောင်းသူ ၇၁ ဦး၊ စုစုပေါင်း ၁၆၂ ဦးတို့ကို မတ် ၈ ရက်မှ ၂၁ ရက်ထိ နေ့စဉ်နံနက် ၉ နာရီ မှ ညနေ ၄နာရီထိ ယဉ်ကျေးခြင်းဆိုင်ရာနှင့်ဗုဒ္ဓဝင်များ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်