သံတွဲ မတ် ၉
သံတွဲမြို့၊ နန်းချောင်းကျေးရွာ သီတဂူမေတ္တာစက္ခုဒါနဆေးရုံ၌ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာမိုးကျော် ဦးဆောင်သော မျက်စိခွဲစိတ်ကုသရေးဆရာဝန်အဖွဲ့မှ (၅-၃-၂၀၂၃) ရက်နေ့မှ (၆-၃-၂၀၂၃) ရက်နေ့ထိ (၂)ရက် ကုသပေးခဲ့ရာ မျက်စိခွဲစိတ်ရန် လိုအပ်သော လူနာရှင် အမျိုးသား (၆၉)ဦးနှင့် အမျိုးသမီး (၈၄) ဦး စုစုပေါင်း မျက်စိဝေဒနာရှင် (၁၅၃)ဦးအား (အခမဲ့) ခွဲစိတ်ကုသနိုင်ခဲ့ပြီး စက္ခုအလင်းပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)