မံစီမြို့နယ်၌ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

မံစီ မတ် ၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မြို့တော်ခန်းမ၌ အသက် (၂) နှစ်အောက် ကလေးငယ်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

အသက် (၂) နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ပိုး၊ (၅) မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်ဂျိုက်သိုးစသည်ဖြင့် ကလေးငယ်များအတွက် လိုအပ်သည့်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို လစဉ်ပုံမှန်ဆောင်ရွက် ပေးလျက်ရှိနေပြီး ကျေးရွာများအတွင်းရှိကလေးငယ်များအား ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျေးရွာအလိုက် နေရာအကျယ်အဝန်းရှိသည့် ခန်းမဆောင်များ၌လည်းကောင်း၊ မြို့ပေါ်ရပ်ကွက်များနှင့် နမ်မဖွဲကျေးရွာအုပ်စု၊ ချောင်းထောက်ကျေးရွာအုပ်စုတို့မှ ကလေးငယ်များအား မြို့တော်ခန်းမ၌လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)