တံတားမြို့၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်ယဉ်ကျေးမှုအကြောင်း သိကောင်းစရာ (Talk Show)ကျင်းပ

တံတား မတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်ယဉ်ကျေးမှုအကြောင်း သိကောင်းစရာ (Talk Show)ကို ယမန်နေ့နံနက်ပိုင်း ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်နှင့် (Women Club) အဖွဲ့ဝင် ဒေါ်ကေဇင်ထွေးက ယဥ်ကျေးသော လူ့ပတ်ဝန်းကျင်တွင် ဓလေ့ရိုးရာယဉ်ကျေးမှု၊ ယုံကြည်မှု အမူအကျင့်၊ စရိုက်လက္ခဏာများပါဝင်ကြောင်း၊ လူတစ်မျိုး၏ ကြီကျယ်မြင့်မြတ်မှုကို ယဥ်ကျေးမှုမှတစ်ဆင့် သိရှိနိုင်ကြောင်း၊ ယဉ်ကျေးမှုသည် ခေတ်၏လူနေမှုအဆင့်အတန်းကို ကောင်းစွာဖော်ပြနိုင်ကြောင်း၊ ယဉ်ကျေးသောလူ့အသိုင်းအဝိုင်းတည်ထောင်ရာတွင် အခြေခံစည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ စည်းကမ်းသည်လူ၏ တန်ဖိုးဖြစ်သောကြောင့် လူတစ်ဦးတစ်ယောက်ချင်းကောင်းမှသာ ကိုယ်ပိုင်ယဥ်ကျေးမှုကို ထိန်းသိမ်းနိုင်မှာဖြစ်ကြောင်းစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ ဆက်)