မိုင်းရှူးမြို့နယ်၊ ပန်စွဲကျေးရွာတွင် ရှင်ပြု၊ ရဟန်းခံ အလှူမင်္ဂလာတော်ပွဲနှင့် ပိဋကတ်တရားတော် လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ

မိုင်းရှူး မတ် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ရှင်ပြု၊ ရဟန်းခံ အလှူမင်္ဂလာတော်ပွဲနှင့် ပိဋကတ်တရားတော်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက  ပန်စွဲကျေးရွာ၊ သဒ္ဓမ္မပါလကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ  ကျင်းပခဲ့သည်။

အဆိုပါ ပွဲတော်တွင် ရှင်သာမဏေလောင်း (၅၆) ပါးကို အလှပ‌ဒေသာဆင်ထားသည့် ထမ်းစင်ပေါ်ထားရှိပြီး ထမ်း၍ ရွာသူ၊ ရွာသားများက ရှမ်းအိုးစည်ဖြင့် ပျော်ပျော်ရွင်ရွင် ဆင်နွှဲခဲ့ကြသည်။ ပွဲ‌တော်ကို တပေါင်းလဆုတ်(၃)ရက် ရှင်လောင်းကြို၊ (၄)ရက်နေ့တွင် ဧည့်ခံကျွေးမွေးခြင်းနှင့် (၅) ရက်နေ့တွင် သင်္ဃန်းစည်း၊ ရှင်ပြု၊ လှူဒါန်း၊ ရေစက်ချ၊ တရားနာမည်ဖြစ်ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)