သင်္ဃန်းကျွန်း မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက်(၀၇:၃၀)အချိန်မှစ၍ အမှတ်(၂)နည်းဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး၊ တပ်ရင်း(၃)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှသိန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမျိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစောမြိုင်အုံးနှင့်အဖွဲ့ဝင်များမှ စာဖြေဌာနများဖြစ်သော အ.ထ.က(၁)၊ အ.ထ.က(၄)၊ အ.ထ.က(သုဝဏ္ဍ)စာသင်ကျောင်းများသို့ သွားရောက်ကာ ကျောင်းသား/သူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး အပြင်စည်း/အတွင်းစည်း လုံခြုံရေးချထားမှုအခြေအနေ၊ ယာဥ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေး စီမံထားမှုအခြေအနေ၊ ကျန်းမာရေးဆေးခန်း ဖွင့်လှစ်ထားမှု အခြေအနေများ ကြည့်ရှုစစ်ဆေး၍လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအား စာဖြေဌာန ၃ ခု၌ ဖြေဆိုသူဦးရေ စာရင်းရှိ စုစုပေါင်း ၉၉၄ ဦးရှိပြီး ၈၈၉ ဦးဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
ကိုဘုန်း(ပြန်/ဆက်)