ရမ်းဗြဲ မတ် ၈
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာဘာသာကို ယနေ့နံနက် ၉ နာရီကစတင်၍ တစ်နိုင်ငံလုံးတစ်ပြိုင်နက်ကျင်းပရာ ရမ်းဗြဲမြို့နယ်၌၊ရမ်းဗြဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန ကျောက်နီမော် အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာနနှင့် ကျောက်တွေ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတို့တွင် အေးချမ်းစွာဖြေဆိုကြသည်။
ရမ်းဗြဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဖြေဆိုရန်အတွက် ရမ်းဗြဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် (၅၄၇)ဦး၊ ကျောက်နီမော်၊ စာစစ်ဌာနတွင်(၁၁၃)ဦးနှင့် ကျောက်တွေစာစစ်ဌာနတွင် (၁၅၆)ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ(၈၀၆)ဦးတို့ စာရင်းပေးသွင်းထားရှိခဲ့ကြသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင်ဖြေဆိုသူ (၄၆၄)ဦး၊ ပျက်ကွက်(၈၁) ဦး၊ ကျောက်နီမော်၊ စာစစ်ဌာနတွင် ဖြေဆိုသူ(၁၄၀)ဦး၊ ပျက်ကွက်(၁၆)ဦးနှင့် ကျောက်တွေစာစစ်ဌာနတွင်ဖြေဆိုသူ (၉၄)ဦး၊ ပျက်ကွက်(၉)ဦး ဖြေဆိုရာ ရမ်းဗြဲမြို့နယ်၌ စုစုပေါင်းဖြေဆိုသူ (၆၉၈)ဦး ဝင်ရောက်ဖြေဆိုကြပြီး ပျက်ကွက်သူစုစုပေါင်း(၁၀၈)ဦးရှိခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)