မြောက်ဦးခရိုင်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြောက်ဦး   မတ်  ၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေး ခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြောက်ဦးခရိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေး မှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး က မတ်လ(၈) ရက်နေ့ မှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုတော့မည်ဖြစ်၍ ဌာနဆိုင်ရာမျာမှဖြေဆိုမည့် စာစစ်ဌာနအလိုက် အပြင်စောင့်နှင့် ကျောင်းသူ/ကျောင်းသားများ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း လိုအပ်ချက်မှန်သမျှကို ဝိုင်းဝန်းလုပ်ဆောင်ကြရန်နှင့် ရွေးကောက်ပွဲ စစ်တမ်းကောက်ယူရာတွင် အချိန်မီပြီးစီးရန် စသောအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်မှလည်း  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုစဉ်ကာလအတွင်း၊ ကျန်းမာရေး၊ လုံခြုံရေး၊ ထူးခြားဖြစ်စဉ်များ ဖြစ်ခဲ့လျှင် အချိန်နှင့်တပြေးညီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကို သက်ဆိုင်ရာ စာစစ်ဌာနရှိ တာဝန်ယူဆောင်ရွက်ရသော ဌာနဆိုင် ရာများမှ အကြောင်းကြားကြရန်  တို့ကိုပြောကြားခဲ့ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် လိုအပ်သည်များကို ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မှ ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)