ကျိန္တလီ မတ် ၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.ထ.က ကျိန္တလီ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်နေ့မှ စတင်ဖြေဆိုကျင်းပလျက်ရှိရာ ယနေ့နံနက် ၉နာရီ အချိန်မှစတင်၍ မြန်မာစာ ဘာသာရပ်ကို ကျောင်းသား/သူ (၈၇) ဦးတို့က အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
အဆိုပါ အ.ထ.က ကျိန္တလီ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျာ း(၄၃) ဦး၊ မ (၅၆) ဦး စုစုပေါင်း (၉၉) ဦးဖြစ်ပြီး ဖြေဆိုသူဦးရေမှာ ကျား (၃၅) ဦး၊ မ (၅၂) ဦး စုစုပေါင်း (၈၇) ဦး ဖြစ်ကြောင်း၊ ဖြေဆိုရန် ပျက်ကွက်သူဦးရေမှာ ကျား (၈) ဦး၊ မ (၄) ဦး စုစုပေါင်း (၁၂) ဦးမှာ ဖြေဆိုရန်ပျက်ကွက်ကြောင်းခဲ့ကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/သူများ စိတ်အေး ချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ မသမာသော ကိစ္စရပ်များ မဖြစ်ပေါ်စေရေးနှင့် စာမေးပွဲဖြေဆိုမှုကို အနှောက်အယှက်မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေရန် ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများတို့က ပေါင်းစပ်၍ စာစစ်ဌာန၌ လိုအပ်သည့်လို အပ်ချက်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်လင်း