မရမ်းကုန်း မတ် ၈
၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ယနေ့နက် ၉:၀၀ နာရီအချိန်က စတင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် စာစစ်ဌာနဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။
မရမ်းကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူစာရင်းရှိ ၇၆ ဦး၊ ကျောင်းပြင်ဖြေဆိုသူ စာရင်းရှိ ၇၅၉ ဦး စုစုပေါင်း စာရင်းရှိ ၈၃၅ ဦး စာရင်းပေးသွင်းထားပြီး၊ ယနေ့ လာရောက်ဖြေဆိုသူ ကျောင်းတွင်း ၇၄ဦး၊ ကျောင်းပြင် ၆၉၁ ဦး စုစုပေါင်း လာရောက်ဖြေဆိုသူ ၇၆၅ ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၁.၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါစာမေးပွဲဖြေဆိုရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)