ရန်ကုန် မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်း၊ ကျောင်းပြင်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများသည်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုရာတွင် ကျောင်းသား(၁၄၀)ဦး၊ ကျောင်းသူ (၁၆၄)ဦး စုစုပေါင်း(၃၀၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊
စာမေးပွဲဖြေဆိုရန် ကျောင်းတွင်း၊ ကျောင်ပြင်ဖြေဆိုသူစာရင်းရှိ ကျောင်းသား(၁၆၇)ဦး၊ ကျောင်းသူ(၁၈၀)ဦး စုစုပေါင်း(၃၄၇)ဦးရှိပြီး ကျောင်းသား(၂၇)ဦး၊ ကျောင်းသူ (၁၆)ဦး၊ စုစုပေါင်း (၄၃)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သည်၊၊
ဗဟန်းမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၈၇.၆၁ ရာခိုင်နှုန်းဖြေဆိုကြရာ၊ မတ်လ ၈ ရက်နေ့တွင် မြန်မာစာ၊ မတ်လ ၉ ရက်နေ့တွင် အင်္ဂလိပ်စာ မတ်လ ၁၀ ရက်နေ့တွင် သင်္ချာ မတ်လ ၁၃ ရက်နေ့တွင် ဓါတုဗေဒ မတ်လ ၁၄ ရက်နေ့တွင် ရူပဗေဒ၊ မတ်လ ၁၅ ရက်နေ့တွင် ဇီဝဗေဒ၊ ဘောဂဗေဒ၊ မတ်လ ၁၆ ရက်နေ့တွင် ပထဝီဝင် မတ်လ ၁၇ ရက်နေ့တွင် သမိုင်း၊ မတ်လ ၁၈ ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်များကို နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဖြေဆိုကြရမည်ဖြစ်သည်။
ထိုသို့ဗဟန်းမြို့နယ်အတွင်း၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် စာမေးပွဲဖြေဆိုနေမှုများနှင့် ကျောင်းများတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က၊ ကွင်ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)