ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ဘုတ်ပြင်း မတ် ၈ 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ အထကဘုတ်ပြင်း စာစစ်ဌာနတွင်  ကျောင်းသားကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း စာစစ်ဌာန () ခုထားရှိရာ  အထကဘုတ်ပြင်း စာစစ်ဌာန တွင်  စာရင်းရှိဖြေဆိုမည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၀၆  ဦးရှိရာ ယနေ့မြန်မာစာ ဖြေဆိုသည့်နေ့တွင် ကျောင်းသားကျောင်းသူစုစုပေါင်း  ၁၉၀  ဦး (၉၂ ဒသမ  ၂၃  ရာခိုင်နှုန်း) ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ  ဖြေဆိုနိုင်ရေးအတွက် ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)