ဒက္ခိဏသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၉၄ ဒသမ ၄၈ ရာခိုင်နှုန်း ဖြေဆို

ဒက္ခိဏသီရိ မတ် - ၈

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနနှစ်ခု၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။

ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာဘာသာ)ကို ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှစ်ခုတို့၌ ကျောင်းသား ၇၄ ဦး၊ ကျောင်းသူ ၁၀၇ ဦး စုစုပေါင်း ၁၈၁ ဦးစာရင်းပေးသွင်းထားပြီး ဖြေဆိုသူကျောင်းသား ၇၂ ဦး၊ ကျောင်းသူ ၉၉ ဦး စုစုပေါင်း ၁၇၁ ဦး တို့ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၁၀ ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၄ ဒသမ ၄၈ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)