ကျောက်ကြီး မတ် ၈
မြန်မာနိုင်ငံတစ်၀န်းလုံးတွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်၀င်စာမေးပွဲကို ယနေ့နံနက်ပိုင်းကစတင်ပြီး မတ်လ(၁၈)ရက်နေ့အထိ စတင်ဖြေဆိုလျက်ရာ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်တွင် စာဖြေဌာန(၂)ခု၌ ကျောင်းသား၊ ကျောင်းသူ ၁၃၇ ဦး စာရင်းရှိပြီး ၀င်ရောက်ဖြေဆိုသူ (၁၂၃)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
ကျောက်ကြီးမြို့နယ် စာဖြေဌာနများကို တက္ကသိုလ်၀င်တန်း စာမေးပွဲကျင်းပရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်အတွင်းရှိ ဌာနရုံးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းကာ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကြီးကြပ်သွားမည်ဖြစ်ပြီး မြို့နယ်ပညာရေးမှူးက တက္ကသိုလ်၀င်စာမေးပွဲကို မသမာမှုကင်းရှင်းစွာဖြေဆိုနိုင်ရေး၊စည်းကမ်းပြည့်၀၍ တည်ငြိမ်စွာကျင်းပပြီးစီးနိုင်ရေး၊ တရားမျှတမှုရှိရေး အေးချမ်းချောမွေ့အောင်မြင်စွာဖြင့် ကျင်းပပြီးစီးနိုင်ရေးအတွက် အ.ထ.က ကျောက်ကြီးစာစစ်ဌာန၌ ကြီးကြပ်ရေးမှူး(၁)ဦးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး (၂၃)ဦး၊ အ.ထ.က နတ်သံကွင်းစာစစ်ဌာန၌ ကြီးကြပ်ရေးမှူး(၁)ဦးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး(၁၉)ဦးအား တာ၀န်အသီးသီးပေးအပ်ထားကာ မြို့နယ်ရဲတပ်မှူးက စာမေးပွဲလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ အားဖြည့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် စာဖြေဌာနများဖြစ်သည့် အ.ထ.က ကျောက်ကြီးကျောင်းတွင် စာရင်းရှိ ကျောင်းသား ကျောင်းသူ (၁၀၄)ဦး ဝင်ရောက်ဖြေဆိုသူ (၉၃)ဦး အ.ထ.က နတ်သံကွင်းကျောင်းတွင် စာရင်းရှိ (၃၃)ဦး တွင်ဝင်ရောက်ဖြေဆိုသူ (၃၀)ဦး၊ ကျောက်ကြီးမြို့နယ်အတွင်း စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၁၂၃)ဦးရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်