ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၆၄၃၃ ဦးရှိ

နေပြည်တော် မတ် ၈

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း၌ စာစစ်ဌာန ၃၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၇၁၁၈ဦး ရှိပြီး စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၆၄၃၃ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၃၈ ရာခိုင်နှုန်းရှိကြောင်း နေပြည်တော် ပညာရေးမှူးရုံးမှ သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တပ်ကုန်းမြို့နယ် စာစစ်ဌာန ၂ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၉၂၅ ဦး ရှိကာ ဖြေဆိုသူ ၈၄၁ ဦး ရှိပြီး ပျက်ကွက် ၈၄ ဦး၊ ဥတ္တရသီရိမြို့နယ်  စာစစ်ဌာန ၆ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၇၄ ဦး ရှိကာ ဖြေဆိုသူ ၃၄၉ ဦး ရှိပြီး ပျက်ကွက် ၂၅ ဦး ၊ ဇေယျာသီရိမြို့နယ် စာစစ်ဌာန ၄ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၈၄၆ ဦး ရှိကာ ဖြေဆိုသူ ၇၅၈ ဦး ရှိပြီး ပျက်ကွက် ၈၈ ဦး ၊ ပုဗ္ဗသီရိမြို့နယ် စာစစ်ဌာန ၅ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၉၈၆ ဦး ရှိကာ ဖြေဆိုသူ ၉၀၃ ဦး ရှိပြီး ပျက်ကွက် ၈၃ ဦး ၊ ပျဉ်းမနားမြို့နယ် စာစစ်ဌာန ၄ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၂၇၆ ဦး ရှိကာ ဖြေဆိုသူ ၁၁၆၆ ဦး ရှိပြီး ပျက်ကွက် ၁၁၀ ဦး ၊ ဇမ္ဗူသီရိမြို့နယ် စာစစ်ဌာန ၆ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၀၅၃ ဦး ရှိကာ ဖြေဆိုသူ ၉၀၁ ဦး ရှိပြီး ပျက်ကွက် ၁၅၂ ဦး ၊ လယ်ဝေးမြို့နယ် စာစစ်ဌာန ၁၀ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၄၇၇ ဦး ရှိကာ ဖြေဆိုသူ ၁၃၄၄ ဦး ရှိပြီး ပျက်ကွက် ၁၃၃ ဦး ၊ ဒက္ခိဏသီရိမြို့နယ် စာစစ်ဌာန ၂ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၈၁ ဦး ရှိကာ ဖြေဆိုသူ ၁၇၁ ဦး ရှိပြီး ပျက်ကွက် ၁၀ ဦး စုစုပေါင်း စာစစ်ဌာန ၃၉ ခု တို့တွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၆၄၃၃ ဦးတို့  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် စာစစ်ဌာနများအလိုက် အေးချမ်းစွာ ဖြေဆိုနိုင်ရေး ဆရာ၊ ဆရာမများ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)