ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Centre) ခန်းမ၌ စာပေဝါသနာရှင်များက စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်   မတ်  ၈

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်းဖလှယ် ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက လူထုစိန်ဝင်း ရေးသားသည့် “လူကြီးလူငယ် ကွာဟမှု” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးခင်မောင်ကျော် (ရဲမွန်ကျော်)၊ ဦးရန်နိုင်ကျော် (ခိုင်မင်း-နေပြည်တော်)၊ ဦးလင်းထွဋ် (ကိုလင်း-အညာမြေ)၊ ဦးမောင်မောင်တာ(သဘာဝ)၊ ဦးဌေးဦး(နွေဦးကိုကို)၊ ဒေါ်ခင်နန်းဦး(နန်းနန်း-စပါးကျီ)နှင့် စာပေဝါသနာရှင်များ တက်ရောက်ကြပြီး လူကြီးလူငယ်ကွာဟမှု” စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာများကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)