တန့်ယန်း မတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်ချီးမြှင့် ပေးအပ်သော သာသနာတော်ဆိုင်ရာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ပညာဒီပ ထေရဝါဒသာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒာသိရီ(မက်မန်း)အား ကြိုဆိုပင့်ဆောင်ပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကြိုဆိုပင့်ဆောင်ဂုဏ်ပြုပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ သာသနာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်သူများက မြို့ဝင်မုခ်ဦးမှ စတင်၍ ကြိုဆိုပင့်ဆောင်ခဲ့ကြသည်။
ယင်းနောက် သာသနာတော်ဆိုင်ရာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ပညာဒီပ ထေရဝါဒသာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒာသိရီ(မက်မန်း)အား ဂုဏ်ပြုမော်တော်ယာဉ် ပလ္လင်ထက်သို့ ပင့်ဆောင်၍ အများပြည်သူများ ကြည်ညိုနိုင်စေရန်အတွက် ဗိုလ်ချုပ်လမ်းအတိုင်း လှည့်လည်အပူဇော်ခံပြီး ဝေဠုဝန်ပရိယတ္တိစာသင်တိုက်၌ ဂုဏ်ပြုပူဇော်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)