သိန္နီမြို့တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို

သိန္နီ မတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်း၌ ကျင်းပရာ ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ မြန်မာစာဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ဘေးကင်းလုံခြုံ စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာ၊ ဆရာမများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီကြီးကြပ်၍ ဆောင်ရွက်ပေးခဲ့ကြသည်။

သိန္နီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ အတွင်းဖြေဆိုသူ(၃၉)ဦး ပြင်ပဖြေဆိုသူ(၅၄)ဦး စုစုပေါင်း (၉၃)ဦး စာရင်းရှိရာ ယနေ့လာရောက်ဖြေဆိုသူ အတွင်းဖြေဆိုသူ (၃၅)ဦး၊ ပြင်ပဖြေဆိုသူ (၄၁)ဦး စုစုပေါင်းဖြေဆိုသူ (၇၆)ဦးရှိပြီး (၈၁.၇၂) ရာခိုင်နှုန်း လာရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)