ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃  တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၆၁၈)ဦး ဝင်ရောက်ဖြေဆို

ကျိုက်ထို မတ်

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နေ့တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ကျင်းပပြုလုပ်လျက်ရှိရာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စာစစ်ဌာန(၄)ခုဖွင့်လှစ်၍  တက္ကသိုလ်ဝင်တန်းကျောင်းဖြေ ကျား(၇၄) ဦး၊ မ(၁၁၇)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ ကျား (၁၆၄)၊မ(၂၆၃) ဦး ရှိရာ စုစုပေါင်း(၆၁၈)ဦး ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကျိုက်ထိုမြို့နယ်၌ အ..က(၁)၊ အ..က(၂)၊ ..က(ကျိုက္ကသာ) အ..က(သိမ်ဇရပ်)တို့တွင် စာစစ်များဌာနဖွင့်လှစ်၍ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ယနေ့မြန်မာစာဘာသာရပ်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသည့် ရာခိုင်နှုန်း ၉၁.၅၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံမှသိရသည်။

မြို့နယ်ပြန်/ဆက်