မဘိမ်းမြို့နယ်၌ ၂ဝ၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မဘိမ်း မတ် ၈ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂ဝ၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မဘိမ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကျင်းပ လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁ဝ၅ ဦးရှိပြီး ၈၈ ဦး ဝင်ရောက်ဖြေဆိုသဖြင့် ၈၃.၈၁ ရာခိုင်နှုန်းရှိကြောင်းနှင့် ကေျာင်းသား၊ ကျောင်းသူများ တက္ကသိုလ် ဝင်စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းအတွင်း၊ အပြင် လုံခြုံရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပြီး ကေျာင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် ကြီးကြပ်ရေးမှူးများနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်း (မဘိမ်း)