နမ့်ဆန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲစတင်ဖြေဆို

နမ့်ဆန် မတ်လ ၈

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ယနေ့နံနက် (၉) နာရီအချိန်မှစ၍ ၂၀၂၂-၂၀၂၃ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အေးချမ်းစွာ စတင်ဖြေဆိုကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နမ့်ဆန်မြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများ၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၂)မှ ကျောင်းသား/သူများ၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ထ-ခွဲ)(အ.လ.က-၁)မှ ကျောင်းသား/ကျောင်းသူများအား စာစစ်ဌာနဖြစ်သည့် အခြေခံပညာအထက်တန်း ကျောင်း(အ.ထ.က-၁) တွင် တစ်စုတစ်ပေါင်း တည်း ဖြေဆိုသွာ မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆိုရာတွင် ဒေသအဆင့်၊မြို့နယ် အဆင့် ဌာနဆိုင်ရာမှ အကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ယာဉ်ထိန်းတပ်ဖွဲ့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ ကြက်ခြေနီအသင်းခွဲနှင့် သက်ဆိုင်ရာရပ်ကွက်များမှ တာဝန်ရှိသူများမှ ကျောင်းသား/သူများအား လာရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး၊ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် (၂၀၅) ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်းနှင့် (၁၂)ဦးမှာ အကြောင်းအမျိုးမျိုးကြောင့် လာရောက် ဖြေဆိုနိုင်ခြင်းမရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)