သထုံ မတ် ၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့စတင်ကျင်းပပြုလုပ်နေသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့၊ မြန်မာစာကို မြို့နယ်အတွင်းရှိ စာစစ်ဌာနတို့၌ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုအပ်သည်တို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာနနှစ်ခုရှိပြီး အ.ထ.က(၁)သထုံစာစစ်ဌာနတွင်ဖြေဆိုရန် စာရင်းပေးသွင်းသူပေါင်း ၃၇၉ ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၃၅၁ ဦး၊ ပျက်ကွက် ၂၈ ဦး၊ အ.ထ.က(ကျိုက္ကော်)၌ စာရင်းပေးသွင်းသူ ၁၈၅ ဦး၊ လာရောက်ဖြေဆိုသူ ၁၆၉ ဦး၊ ပျက်ကွက် ၁၆ ဦး စုစုပေါင်းဖြေဆိုရန်စာရင်းသွင်းထားသူပေါင်း ၅၆၄ ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ၅၂၀ ဦး၊ ပျက်ကွက်သူ ၄၄ ဦးရှိကြောင်း ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတို့၌ တာဝန်ရှိသူများက ကြပ်မတ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)