သီပေါ မတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကိုယနေ့နံနက် (၉)နာရီက စတင်ဖြေလျက်ရှိရာ သီပေါမြို့နယ်အတွင်းရှိသတ်မှတ် စာစစ်ဌာန များတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်အတွင်း စာစစ်ဌာန (၂)ခုထားရှိရာ အ.ထ.က(၁) သီပေါစာစစ်ဌာနတွင် စာရင်းရှိ ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၈၄)ဦး ရှိရာ ယနေ့မြန်မာစာဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၇၄)ဦး(၉၄ ဒသမ ၅၇ ရာခိုင်နှုန်း)ဖြေဆိုခဲ့ကြကြောင်း၊ အ.ထ.က နမ့်လန် စာစစ်ဌာနတွင် စာရင်းရှိ ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ(၂၀)ဦးရှိရာ ယနေ့တွင်(၁၄)ဦး( ၇၀ ရာခိုင်နှုန်း) ဖြေဆိုခဲ့ကြကြောင်း၊ သီပေါမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် စာရင်းရှိဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၂၀၄)ဦးရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၈၈)ဦး ( ၉၂ ဒသမ ၁၆ ရာခိုင်နှုန်း) ဖြေဆိုခဲ့ကြကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၆)ဦး ( ၇ ဒသမ ၈၄ ရာခိုင်နှုန်း) ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လုံခြုံရေးကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)