ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အဆင်ပြေစွာ ဖြေဆို

ခိုလမ် မတ် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်း အချိန်က အ.ထ.က(ခိုလမ်)စာစစ်ဌာန၌ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ မတ်လ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၉၁)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်စေရန် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများက လုံခြုံရေးကိစ္စများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

နေလင်းထွန်း(ပြန်/ဆက်)