မောင်တော မတ် ၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း တည်ငြိမ်အေးချမ်း မှုရှိစေရေးအတွက် ဒေသန္တရအမိန့်တစ်ရပ်ထုတ်ပြန်ထားရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာတစ် နိုင်ငံလုံး၌ တစ်ပြိုင်နက်တည်းကျင်းပပြုလုပ်မည်ဖြစ်၍ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ်ကာလ အတွင်း ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး ပတ်ဝန်းကျင် ဆူညံမှု မရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း၌ မော်တော်ယာဉ်များဖြင့် အသံချဲ့စက်များ၊ Sound Box များ တင်ဆောင်၍ လှည့်လည်တီးမှုတ်ခြင်း၊ တေးသီချင်းများ၊ ဗီဒီယိုပြသခြင်းများ၊ လမ်းဆုံလမ်းခွများနှင့် အများပြည်သူဆိုင်ရာ နေရာများတွင် ညဉ့်အချိန်မတော် ဂီတာတီးခြင်း၊ သီချင်း ဆိုခြင်း၊ သောက်စားမူးယစ်ခြင်းများ မပြုလုပ်ကြရန်နှင့် အရက်ဆိုင်၊ ဘီယာဆိုင်၊ စားသောက်ဆိုင် များကိုလည်း မတ်လ ၈ ရက်နေ့မှစတင်၍ မတ်လ ၁၈ ရက်နေ့အထိ ည ၉ နာရီ နောက်ပိုင်း အချိန်များတွင် လုံးဝဖွင့်လှစ်ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၃၃ ပါ လုပ်ပိုင်ခွင့် ကျင့်သုံးလျက် တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)