သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

သံဖြူဇရပ်  မတ် ၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)သံဖြူဇရပ်၊ အ.ထ.က(၂)သံဖြူဇရပ်နှင့် အ.ထ.က(ကျိုက္ခမီ)စာစစ်ဌာန(၃)ခုဖြင့် ယနေ့နံနက်ပိုင်းမှစ၍ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိသည်။

သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် အခြေခံပညာအထက်တန်းကျောင်း(၃)ကျောင်း၊ အ.ထ.ကခွဲ(၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်းနှင့် ပြင်ပဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ကျား(၁၇၁)ဦး၊ မ (၃၆၇)ဦး စုစုပေါင်း(၅၃၈)ဦးတို့မှ စာစစ်ဌာန(၃)ခုတွင် ဖြေ​ဆိုသည့် ရာခိုင်နှုန်း ၉၆.၅၉ ရာခိုင်နှုန်းဖြင့် ဘာသာရပ်အလိုက် စာမေးပွဲကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)