ရမည်းသင်း မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအားလပ်ရက် ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစေရန် စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရမည်းသင်း ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက နွေရာသီကျောင်းအားလပ်ရက်၌ ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစေရန် သင်တန်းများ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် စာကြည့်တိုက်ရှိ စာပေဗဟုသုတများ ဖတ်ရှု့နိုင်စေရန်နှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာစီစီကုံးရေးသားနည်းသင်တန်းနည်းပြ မြို့မအခြေခံပညာအထက်တန်းကျောင်း ဆရာမဒေါ်ဆင့်ဆင့်သိမ့် ကစာစီစာကုံးရေးသားနည်း စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပို့ချ လျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ရမည်းသင်းမြို့နယ် အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်ကြကာ မတ် ၈ ရက် မှ ၁၇ ရက်နေ့ထိ နေ့စဉ်နံနက် ၁၀ နာရီမှ ၁၁ နာရီထိ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝင်းအောင် (ပြန်/ဆက်)