ပေါက်တောမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူ (၁၀၀၆) ဦး ဝင်ရောက်ဖြေဆို

ပေါက်တော  မတ် ၈

မြန်မာနိုင်ငံတစ်ဝန်း၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက် ၉ နာရီက စတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ပေါက်တောမြို့နယ်၌ စာစစ်ဌာန(၅)ခု ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

ပေါက်တောမြို့နယ်အတွင်းရှိ တက္က သိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား/ကျောင်းသူ ၁၁၅၃ ဦးရှိပြီး ယနေ့ မြန်မာစာဘာသာကို စာစစ်ဌာန(၅)ခု၌ ဝင်ရောက်ဖြေဆိုသူ ၁၀၀၆ ဦး၊ ပျက်ကွက်သူ ၁၄၇ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါက်တောမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးကို စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)