ကော့မှူး စက်တင်ဘာ ၃၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် Stay At Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူများ မလိုအပ်ဘဲ သွားလာခြင်းမရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့မဈေးရှေ့နှင့် မြို့သစ်ရပ်ကွက် ဗိုလ်ချုပ်ပန်းခြံရှေ့တို့တွင် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်း အကြောင်းမဲ့ နေအိမ်ပြင်ပသွားလာမှုများ မရှိစေရေးအတွက် စက်ဘီးများ၊ ဆိုင်ကယ်များ၊ မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးခြင်း၊ ရပ်ကွက်အတွင်းမှ အကြောင်းမဲ့ပြင်ပသို့ ထွက်ခွာမှုမရှိစေရေး၊ Saty At Home ကြေညာချက်နှင့်အညီ ပြည်သူများ စည်းကမ်းလိုက်နာမှုရှိရေး၊ မိမိနေအိမ်တွင် နေထိုင်ရေးတို့အား ကြီးကြပ်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
ကျော်သူရ ကော့မှူး