မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆို

မအီ မတ် ၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အ.ထ.က(မအီ) စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်) စာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့မှ စတင်၍ ဖြေဆိုကျင်းပလျက်ရှိရာ ယနေ့မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၆၈)ဦးတို့က အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ အ.ထ.က(မအီ) စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၁၄၅)ဦးရှိပြီး ဖြေဆိုသူဦးရေမှာ ကျား(၄၉)ဦး၊ မ(၇၄)ဦး၊ စုစုပေါင်း(၁၂၃)ဦးဖြစ်ကြောင်း၊ အ.ထ.က(လမူးမော်) စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၅၇)ဦးရှိပြီး ဖြေဆိုသူဦးရေမှာ ကျား(၁၇)ဦး၊ မ(၂၈)ဦး၊ စုစုပေါင်း (၄၅)ဦးဖြစ်ကြောင်း၊ ထို့ကြောင့် အ.ထ.က(မအီ) စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်) စာစစ်ဌာနတို့တွင် ဖြေဆိုသူဦးရေ စုစုပေါင်းမှာ (၁၆၈)ဦးရှိကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သူဦးရေမှာ အ.ထ.က(မအီ) စာစစ်ဌာန ကျား(၁၀)ဦးနှင့် မ(၁၂)ဦးနှင့် အ.ထ.က(လမူးမော်) စာစစ်ဌာနတွင် ကျား(၄)ဦးနှင့် မ(၈)ဦးရှိပြီး စုစုပေါင်း(၃၄)ဦးမှာ ဖြေဆိုရန်ပျက်ကွက်ကြောင်း၊ အ.ထ.က(မအီ) စာစစ်ဌာနတွင် ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၈၄.၈၂)ရှိပြီး ပျက်ကွက်ရာ ခိုင်နှုန်းမှာ(၁၅.၁၈)ရာခိုင်နှုန်းရှိကြောင်း၊ အ.ထ.က(လမူးမော်) စာစစ်ဌာနတွင် ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၇၈.၉၅)ရှိပြီး ပျက်ကွက် ရာခိုင်နှုန်းမှာ(၂၁.၀၅) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)