ကျိုက်မရော မတ် ၈
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။ ကျိုက်မရောမြို့နယ်တွင် အ.ထ.က စာစစ်ဌာန တစ်ခုတည်းရှိပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ရှိသူ(၂၀၇)ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူကျောင်းသား(၄၆)ဦး၊ ကျောင်းသူ(၁၃၃)ဦး၊ ဖြေဆိုသူ စုစုပေါင်း (၁၇၉) ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား(၇)ဦး၊ ကျောင်းသူ(၂၁)ဦးရှိရာဖြေဆိုသည့် ရာခိုင်နှုန်း(၈၆.၄၇)ရာခိုင်နှူန်းရှိပြီး ပျက်ကွက်မှု ရာခိုင်နှူန်းမှာ (၁၃.၅၃)ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ် အ.ထ.က စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပြီး စာမေးပွဲဖြေဆိုသည့် ကျောင်းသူကျောင်းသားများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)