တောင်ပြိုလက်ဝဲမြို့၌ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စတင်ဖြေဆို

တောင်ပြိုလက်ဝဲ မတ် ၈

 ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ယနေ့နံနက် ၉ နာရီအချိန်တွင် စတင်ဖြေဆိုလျက်ရှိရာ တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများအေး ချမ်းစွာဖြင့်ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်းသိရသည်။

တောင်ပြိုလက်ဝဲမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးမှကြီးကြပ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၆၁)ဦးတို့ ဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ပြီး အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ချောမွေ့စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မလိုလားအပ်သောကိစ္စရပ်များမဖြစ်ပေါ်ရေး၊ မသမာသောကိစ္စရပ်များမဖြစ်ပေါ်စေရေးနှင့် စာမေးပွဲဖြေဆိုမှုကို အနှောက်အချက်မဖြစ်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေစေရန် မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ရပ်မိရပ်ဖများက စာစစ်ဌာန၌ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သိန်းနိုင်( ပြန်/ဆက်)