အမ်း မတ် ၈
၂၀၂၂-၂၀၂၃ ပညာ သင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတစ်ပြိုင် တည်းကျင်းပလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်တွင်အမ်းမြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာစာမေးပွဲစတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်ရှိ စာစစ်ဌာနများဖြစ်သည့် မြို့ပေါ်ရပ်ကွက်ရှိ အမှတ် (၁) အ.ထ.က၊အမှတ်(၂) အ.ထ.က၊အမှတ် (၃) အ.ထ.ကနှင့် အ.ထ.က (တပ်တောင်) စာစစ်ဌာန (၄)ခုတွင် ကျောင်းတွင်းမှ ဖြေဆိုသည့်ကျောင်းသားကျောင်းသူ(၇၁)ဦး၊ ပြင်ပမှဖြေဆိုမည့်သူ(၈၇၉) ဦးစုစုပေါင်း (၉၅၀) ဦးရှိကြောင်း၊ မြို့ပေါ်ရပ်ကွက် အ.ထ.ကကျောင်း(၃)ကျောင်း၌ (၅၄၈)ဦး၊ အ.ထ.က တပ်တောင် ၌(၄၀၂)ဦးဖြေဆိုသွားမည့်ဖြစ် ကြောင်းသိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ချောမွေ့စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မလိုလားအပ်သောကိစ္စရပ်များမဖြစ်ပေါ်ရေး၊ မသမာသောကိစ္စရပ်များမဖြစ်ပေါ်စေရေးနှင့်စာမေးပွဲဖြေဆိုမှုကို အနှောက်အချက် မဖြစ်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေစေရန်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက် နှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက စာစစ်ဌာနအသီးသီး၌ လိုအပ်ချက်များကိုပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
စိုးမင်းထွန်း